သင့်အတွက်ဆုလာဘ်ကြီးလှ
လုပ်ငန်းများစွာက မိမိတို့ကို စွဲမြဲစွာအားပေးသည့်စာသုံးသူ၊ ဖောက်သည်များကိုအမှတ်ပေး ပြီး ဆုချီးမြင့်သည့်အစီအစဉ်များကိုပြုလုပ်လေ့ရှိသည်။ စားသောက်ဆိုင်ကြီးများ၌ စားသောက် ခြင်း၊ ဟိုတယ်၌တည်းခိုခြင်း၊ လေယာဉ်ကုမ္ပဏီတစ်ခုကို ပုံမှန်အားပေးခြင်း စသည့် လုပ်ငန်း အလိုက် ၀န်ဆောင်မှုများကို အားပေးခြင်းဖြင့် အမှတ်များကိုစုပြီး ဆုရယူနိုင်ပါသည်။
ဘုရားသခင်၌လည်း ဆုချီးမြင့်သည့်အစီအစဉ်ရှိပါသည်။ သစ္စာရှိစွာ အစေခံမှုအတွက် ချီးမြှောက်ရန် သခင်အလိုရှိကြောင်း ယေရှုမကြာခဏ မိန့်ကြားပါသည်။ “ယေရှုကြောင့် ကဲ့ရဲ့ ညှင်းဆဲခံရလျှင် ၀မ်းမြောက်ရွှင်မြူးခြင်းရှိကြလော့။ အကြောင်းမူကား ကောင်းကင်ဘုံ၌ သင်တို့၏ အကျိုးသည် ကြီးလှပေ၏။” ဟု သခင်မိန့်တော်မူသည် (မ ၅း၁၁-၁၂)။ ဖာရိရှဲတို့၏ အကျင့်အလေ့ များဖြစ်သည့် လူအများမျက်မှောက်၌ပေးကမ်းခြင်း၊ ဆုတောင်းခြင်း၊ အစာရှောင်ခြင်းလုပ်ရပ်များ ကိုမူ ၎င်းတို့နှင့် ဆန့်ကျင်ဖက် မထင်မရှားလုပ်ဆောင်ရန်သွန်သင်သည်။ အဘယ်ကြောင့်ဆိုသော် “မထင်ရှားသောအရာကိုမြင်တော်မူသော...အဘသည် အကျိုးကိုထင်ရှားစွာပေးတော်မူလိမ့်မည်” (၆း၎၊ ၆၊ ၁၈)။ ယေရှုအတွက် အသက်ရှင်ရာ၌လည်း မည်သည့်အဖိုးအခပေးရစေကာမူ သစ္စာ တည်ကြည်လျှင်…
အရင်းခံ အရင်းအမြစ်ကို ဆင်ခြင်ပါ
သစ်ကြံပိုးထည့်ထားသောမုန့်၊ အစားအစာမှန်သမျှကို ကျွန်တော်ကြိုက်သည်။ သစ်ကြံပိုး သည် အစားအစာများ၏ အနံ့အရသာ ပိုကောင်းစေသည့်အမွှေးအကြိုင်တစ်မျိုးဖြစ်သည်။ သို့သော် သစ်ကြံပိုး ဘယ်ကထွက်သည်ကို ကျွန်တော်စိုးစင်းမျှပင်မတွေးခဲ့ဖူးပါ။ မကြာမီက သီရိလင်္ကာနိုင်ငံ သို့ သွားရောက်ခဲ့ပြီးမှ တစ်ကမ္ဘာလုံး၌ထွက်ရှိသော သစ်ကြံပိုး၏ ၉၀%သည် အိန္ဒိယသမုဒ္ဒရာ အတွင်းရှိ ထိုကျွန်းနိုင်ငံလေးမှထွက်ရှိကြောင်း သိရှိခဲ့ရသည်။ နှစ်ပေါင်းများစွာ ကျွန်တော် နှစ်သက်ခဲ့သော သစ်ကြံပိုးခေါက်၏အရင်းအမြစ် ထွက်ရှိသောဒေသကို ကျွန်တော်မစဉ်းစားခဲ့ပါ။
ကျွန်တော်၏ခရစ်တော်နှင့်လျှောက်လှမ်းမှု အသက်တာမှာလည်း အထက်ပါသဘော အတိုင်း ဖြစ်နေခြင်းက ၀မ်းနည်းစရာပါ။ ကျွန်တော်ဘ၀၌ ဇနီးကောင်း၊ သားသမီးငါးဦးနှင့် မျောက်မူးလဲမြေးများကို ဘုရားသခင် ပေးသနားထားသည်။ ပျော်ရွှင်ကြည်နူးရသောဘ၀အချိန်များ ကိုခံစားရင်း ထိုကောင်းချီးမင်္ဂလာများ၏အရင်းခံရာ “မင်္ဂလာဆုပေါင်းဖြစ်ပွားရာ” အရင်းအမြစ်ကို မစဉ်းစား မဆင်ခြင်မိဘဲရှိခဲ့သည်။ “ကောင်းမြတ်စုံလင်သော ဆုကျေးဇူးရှိသမျှတို့သည် အလင်း တို့၏ အဘထံတော်ကသက်ရောက်သည်ဖြစ်၍ အထက်အရပ်မှလာကြသည်။ ထိုအဘသည် ရွေ့လျော့တိမ်းယိမ်းခြင်းမရှိ၊ ပြောင်းလဲခြင်းအရိပ်နှင့်ကင်းလွတ်တော်မူ၏” ဟု ရှင်ယာကုပ် ရေးသားခဲ့သည်။
ဖန်ဆင်းသမျှအရာအားလုံး၏အရင်းအမြစ်ဖြစ်သော ခမည်းတော်ဘုရားသခင်ကို…
ဂီတသံစဉ်ဖန်တီးခြင်း
သာယာသော နွေရာသီ ညနေခင်းတစ်ခုတွင် ကျွန်မကျောင်းနေဖက်မိတ်ဆွေတစ်ဦးက ဖျော်ဖြေတင်ဆက်မည့် တေးဂီတပွဲအတွက် ပရိသတ်များက ခြံထဲစုရုံးရောက်ရှိနေကြသည်။ ထိုနေ့ကလည်း သူ့မွေးနေ့ဖြစ်သဖြင့် အခမ်းအနားမှူးက “ပျော်စရာမွေးနေ့မင်္ဂလာ” သီချင်းဆိုရန် အချက်ပြလိုက်သည်။ လူအယောက်စီက မိမိကြိုက်သည့်ကီး၊ အနိမ့်သံ၊ အမြင့်သံ အမျိုးမျိုးဖြင့် စဆိုလိုက်ကြသည်။ ထိုသို့ ကကြိုးကကြောင်အသံမျိုးစုံဖြင့် ဆိုကြခြင်းကြောင့် သီချင်းက ညီညွတ်လှပမှု မရှိ၊ သံစဉ်မညီမညာ။ မွေးနေ့ရှင်က စင်ပေါ်နေရာယူချိန်၌ ထပ်မံ၍ အခွင့်အရေး ပေးပြီး အနိမ့်သံဖြင့် သံစဉ်စပေးသဖြင့် လူတိုင်းသီချင်းကို လိုက်ဆိုနိုင်ပြီး၊ သံစဉ်နှင့်အနီးစပ်ဆုံး ကီး အတိုင်းဆိုနိုင်ခဲ့သည်။
သီချင်းအစား ဆူညံသံဖြစ်သွားသည့်အဖြစ်က ပထမရာစုနှစ် အသင်းတော်မှ ပြဿနာ တစ်ရပ်ကို ပြန်၍အမှတ်ရစေသည်။ ခေါင်းဆောင်ပိုင်းနှင့် ပတ်သက်၍ သဘောထားချင်း မတိုက်ဆိုင်မှု ပြဿနာပါ။ အချို့က ရှင်ပေါလု၊ အချို့က အာပေါလု ဟူ၍ ဖြစ်ကာ (၁ ကော ၃း၎) ပဋိပက္ခဖြစ်ကြသည်။…
ကွာလှမ်းမှုအဆင့်များ
လွန်ခဲ့သောနှစ်ပေါင်း ၈၀ က ဟန်ဂေရီလူမျိုး စာရေးဆရာ Frigyes Karinthy က “Chain-Links”ဟူသည့် ၀တ္တုတိုတစ်ပုဒ်ရေးခဲ့သည်။ ထိုဝတ္တု၌ ကမ္ဘာပေါ်ရှိလူနှစ်ဦးသည် အသိအကျွမ်း ငါးဦးတို့အားဖြင့် ဆက်သွယ်မိကြသည် ဟူသည့်အယူအဆကို အဆိုပြုတင်ပြခဲ့သည်။ ထိုစာတမ်းကို ယခုမျက်မှောက်၌ ပြန်လည်အသက်သွင်းပြီး “ကွာလှမ်းမှုအဆင့် ၆ ဆင့်”ဟူ၍ ဖော်ပြသုံးနှုန်းကြသည်။ ၎င်းသည် မှန်ကန်ကြောင်း သက်သေခံမရှိသည့် သီအိုရီပါ။ သို့သော် ကမ္ဘာ ပေါ်ရှိ အခြားလူများနှင့် ကျွန်ုပ်တို့ကို ဆက်သွယ်ပေးသည့် တန်ခိုးတစ်ခုက လှုပ်ရှားသက်ဝင်လျက် ရှိသည်။ ထိုတန်ခိုးတော်ကား နှုတ်ကပတ်တော်အားဖြင့် ဘုရားသခင်၏ ပညာဥာဏ် ထောက်ပံ့ ဖြည့်ဆည်း မစပေးမှုတို့က အလိုတော်ပြီးမြောက်စေရေး လှုပ်ရှားလုပ်ဆောင်နေပါသည်။
လွန်လေသောနှစ်များစွာက ကျွန်တော်တစ်ခါမျှ မတွေ့ဖူးသည့် လူတစ်ဦးထံမှ စာတစ်စောင် ရရှိခဲ့သည်။ ကျွန်တော့်အနီးဝန်းကျင်ရှိ မိတ်ဆွေတစ်ဦးထံ ရေးပေးသော စာတိုလေးက သူ့ဆီသို့တစ်နည်းနည်းဖြင့်ရောက်သွားပြီး သောကပူပန် စိတ်ပျက်ခံစားရသော အချိန်များအတွင်း သူ့အတွက် အားပေးမစ…
သခင်ဘုရားအကြောင်း ထောက်မလျှောက်လဲခြင်း
၂၉ နှစ်အရွယ် ရှေ့နေလေးချားလ်စ်ဖင်းနီသည် သူ၏၀ိညာဉ်ကယ်တင်ခြင်းအတွက် ပူပန် နေသည်။ ၁၉၂၁ ခု အောက်တိုဘာလ ၁၀ ရက်နေ့က သူ့အိမ်အနီးဝန်းကျင်ရှိ တောတန်းအစပ် လေးသို့ သွားပြီးဆုတောင်းခဲ့သည်။ ထိုနေရာတွင်ပြောင်းလဲခြင်း၏နက်နဲအံ့မခန်းဖွယ်အတွေ့ အကြုံကို သူခံစားခဲ့ရသည်။ “သန့်ရှင်းသောဝိညာဉ်တော်က…ကျွန်တော့်ခန္ဓာဝိညာဉ်တစ်ခုလုံးကို လွှမ်းခြုံ သွားတယ်၊…မေတ္တာရေထုကြီးက လှိုင်းလုံးကြီးလိုလိမ့်လာ ရိုက်ခတ်သွားသလိုပါပဲ”ဟု သူရေးသားခဲ့သည်။
နောက်တစ်နေ့တွင် အမှုသည်တစ်ဦးရောက်လာပြီး တရားဝင်ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ပေးရန် အလုပ်အပ်ရာ “သခင်ယေရှုခရစ်တော်အကြောင်းလျှောက်လဲပေးဖို့ သူပေးထားတဲ့ အဖိုးအခကို ကျွန်တော်လက်ခံထားတယ်။ ခင်ဗျားအလုပ်ကိုလက်မခံနိုင်ပါဘူး”ဟု သူပြန်ပြောလိုက်သည်။ ဖင်းနီသည် သူ၏ဥပဒေဆိုင်ရာလုပ်ငန်းကိုစွန့်ပြီး အမှုတော်လုပ်ငန်းထဲ ၀င်ခဲ့သည်။ အခြားသူများကို ခရစ်တော်ထံသို့ပို့ဆောင်ရာ၌ သူ့ကို ဘုရားသခင် အံ့မခန်း အသုံးပြုခဲ့သည်။
တမန်တော်ရှင်ပေါလုသည်လည်း သခင်ဘုရားအကြောင်းလျှောက်လဲပြောကြားရန် စေစား ခေါ်တော်မူခြင်းခံရသည်။ “ငါသည်ဧ၀ံဂေလိတရားကို ထောက်မဖို့ရာ ခန့်ထားသောသူဖြစ်၏” (ဖိ ၁း၁၆) ဟု သူရေးသားခဲ့သည်။ ရှေးခေတ်က “ထောက်မ” သည်ဆိုသောစကားမှာ တရားရုံးတော်၌ ရှေ့နေက လျှောက်လဲချက်ပေးရာ၌…
မိမိအကြံမဟုတ်၊ ဘုရားသခင်၏အကြံပါ
ဝတ်ပြုရာတဲတော်၌ ဘုရားသခင်ကျိန်းဝပ်သောပလ္လင်ကို ကိုယ်စားပြုသည့် ပဋိညာဉ် သေတ္တာတော်နှင့်စပ်လျဉ်း၍ လူတို့အထင်မှားလေစွ။ ဖိလိတ္တိလူတို့နှင့် တိုက်သောစစ်ပွဲရှုံးနိမ့်သဖြင့် ပဋိညာဉ်သေတ္တာတော်ကို စစ်စခန်းချသည့် ဧဗနေဇာအရပ်သို့ ပင့်ဆောင်လာရန် ဣသရေလလူ တို့က ရှိလောအရပ်သို့ စေတမန် စေလွှတ်ကာ တောင်းဆိုခဲ့သည်။
ပဋိညာဉ်သေတ္တာ ရောက်လာသောအခါ ဣသရေလလူတို့မှာ အားရကျေနပ်စွာဖြင့် ကျယ်လောင်စွာကြွေးကြော်ကြရာ ဖိလိတ္တိလူတို့တပ်ချရာ အာဖက်မြို့တိုင် ကြားရသည်။ ပဋိညာဉ် သေတ္တာတော် ရောက်ရှိခြင်းကြောင့် ဖိလိတ္တိလူတို့ကြောက်သွားပြီး ဣသရေလလူတို့မှာမူ အားတက်ရဲရင့်သွားသည်။
သို့သော်၎င်းတို့နှစ်ဖက်လုံး မှားပါသည်။ ပဋိညာဉ်သေတ္တာကို တိုက်ပွဲထဲဆောင်ကြဉ်းခဲ့ငြား လည်း ဖိလိတ္တိလူတို့က ဣသရေလလူတို့ကိုချေမှုန်းခဲ့ပြီး ပဋိညာဉ်သေတ္တာတော်ကိုသိမ်းသွား သည်။ ဖိလိတ္တိလူတို့ဖက်မှလည်း အနာရောဂါများခံစားရပြီး ၎င်းတို့နတ်ဘုရားရုပ်တု ဖျက်ဆီးခံခဲ့ရ သည်။
ဖိလိတ္တိလူတို့သည် ရုပ်တုကိုးကွယ်သူများဖြစ်သောကြောင့် သူတို့၏အမှားကိုကျွန်ုပ်တို့ နားလည်နိုင်သည်။ ဣသရေလလူတို့ကပို၍သဘောပေါက်သင့်သည်။ ပဋိညာဉ်သေတ္တာကို ပင့်သင့်၊ မပင့်သင့် ဘုရားသခင်ကိုသူတို့မမေးမြန်းပါ။ ပဋိညာဉ်သေတ္တာတော်ကို တိုက်ပွဲ၌ ပင့်ဆောင်ကြောင်းကိုသာ သူတို့သိပြီး (ယောရှု ၆)၊ ၎င်းသည်ဘုရားသခင်၏အကြံအစည်တော်ဟု…
ခရစ်စမတ်ဝိညာဉ်
ဒီဇင်ဘာလအတွင်းမှ ရင်းချာ စောင်မလျက် စိတ်ရက်ရောစွာ ပေးကမ်းပေးလှူသည့် စိတ်သဘောက မနှေးအမြန် ကွယ်ပျောက်တတ်သောကြောင့် လူအများက “ခရစ်စမတ်ဝိညာဉ်ကို တစ်နှစ်ပတ်လုံး စောင့်ထိန်းနေရရင် ကောင်းသား” ဟု ပြောမိတတ်ကြသည်။ ထို့ပြင် ကြင်နာမှုနှင့် သနားညှာတာစောင်မခြင်းအမှုများကို ပြက္ခဒိန်၌ အဘယ်ကြောင့် သတ်မှတ်ထားသော ရက်တွင် သာ ပြုလုပ်သနည်း။ ခရစ်စမတ်ရာသီ ခံစားချက်များကို ကျော်လွန်ပြီး မပြတ်စီးဆင်းသော သနားခြင်း ကရုဏာစိတ်များ မရှိသလော။
ရှင်လုကာခရစ်ဝင်ကျမ်း အခန်းကြီး ၁ နှင့် ၂ တွင် သန့်ရှင်းသောဝိညာဉ်တော်အကြောင်း ၇ ကြိမ် မြွက်ဆိုကာ မမွေးဖွားသေးသည့် ဗတ္တိဇံယောဟန် (၁း၁၅)၊ မာရိ (၁း၃၅)၊ ဧလိရှဗက် (၁း၄၁)၊ ဇာခရိ (၁း၆၇)၊ ရှုမောင် (၂း၂၅-၂၇)တို့အပေါ် သန့်ရှင်းသော ၀ိညာဉ်တော်၏လုပ်ဆောင်မှုကို ဖော်ပြထားသည်။ ဤခရစ်စမတ်ဇာတ်ကြောင်း၌ ပါဝင်သော လူတို့၌တစ်ခုခုကို ရုတ်တရက် သတိရလာခြင်း၊ ထူးထူးခြားခြား…
အသက်လက်ဆောင်မွန်
အမျိုးသမီးငယ်တစ်ဦးသည် လက်မထပ်ရသေးဘဲနှင့် ကိုယ်ဝန်လွယ်ထားရသည်။ သူနေ ထိုင်သည့်ဝန်းကျင်၌ မမွေးဖွားသေးသည့် အသက်တစ်ချောင်းကို တန်ဖိုးမထားသော်လည်း သူမကလိမ္မာသောဥာဏ်နှင့် ထိုကလေးကို မွေးဖွားရန် ဆုံးဖြတ်ခဲ့သည်။
ထို့နောက် မွေးလာသည့်သမီးလေးကို မွေးစားမည့်သူများထံ သူမကကြည်ဖြူစွာ ပေးလိုက် သည်။ သမီးလေးကို မွေးစားသူများမှာ ခရစ်ယာန်မိသားစုဖြစ်ပြီး သူ့ကိုကောင်းမွန်စွာ ပြုစုပျိုး ထောင်သည်၊ တန်ဖိုးထားသည်၊ ချစ်သည်၊ ခရစ်တော်ထံ ပြညွှန်သွန်သင်သည်။
အရွယ်မရောက်မီမှာပင် ထိုသမီးလေးဆုံးပါးသွားသည်။ သူသေဆုံးသွားသဖြင့် သူ့မိသားစု ၌ တကယ့်ဟာတာတာကြီး ခံစားရသည်။ သို့သော်လည်း ကလေးဘ၀ ၀မ်းမြောက်ပျော်စရာ ငယ်ရွယ်သောဘ၀လေး၏ ထက်သန်ပြင်းပြသောပုံရိပ်များက အမှတ်ရစရာအဖြစ်ကျန်ခဲ့သည်။ သူကိုချစ်သည့် မိသားစုဝင်များ၏ စိတ်၌လစ်ဟာမှုကိုဖြစ်စေသော်လည်း သူ့ကို တစ်ခါမှ မပွေ့ချီ ခဲ့လျှင်၊ ယေရှုအကြောင်းမပြောပြမိခဲ့လျှင်၊ သူနှင့်အတူမရယ်မောခဲ့လျှင်၊ သူ့ကိုသွန်သင်အားပေးမှု မပြုခဲ့လျှင် အဘယ်မျှ ၀မ်းနည်းစရာဖြစ်သွားမည်ကို စဉ်းစားကြည့်ပါ။
အသက်တစ်ချောင်းစီသည် ကလေးသူငယ်တစ်ယောက်စီသည် အံ့ဩဖွယ်ဖန်းဆင်းစီရင် သော ဘုရားသခင်၏လက်ရာဖြစ်သည် (ဆာ ၁၃၉)။ လူသားတစ်ယောက်စီသည်…
ဝိညာဉ်တော်ကိုစိတ်မနာစေရာ
သင့်အိတ်ထဲမှ ငွေများ ထူးဆန်းစွာ ပျောက်ဆုံးသွားမည်ဆိုလျှင် သင်ဒေါသထွက်လာမည်။ သို့သော် ပိုက်ဆံခိုးသူက သင့်ကလေးဖြစ်နေလျှင် သင့်ဒေါသများက ၀မ်းနည်းမှုသို့ပြောင်းသွား လိမ်မည်။ လူတစ်ဦးက “grief”ဟူသည့် စကားလုံးအဓိပ္ပါယ်ကို “မိမိ ချစ်ရသူက မိမိကို စိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်ချိန်၌ ခံစားရသည့် ပူဆွေးခြင်းသောက” ဟုဖွင့်ဆိုသည်။
“ဘုရားသခင်၏ သန့်ရှင်းသော ၀ိညာဉ်တော်ကို စိတ်မနာစေကြနှင့်” (ဧ ၄း၃၀) ဟုဆိုရာ၌ ကျွန်ုပ်တို့ကိုချစ်သူ၊ ကျွန်ုပ်တို့ကို မစကူညီသူ သန့်ရှင်းသောဝိညာဉ်တော်ကို စိတ်နာကျင်အောင် မလုပ်ရန် ပြောထားသည်။ ယော ၁၄း၂၆ အရ သန့်ရှင်းသော ၀ိညာဉ်တော်သည် ကျွန်ုပ်တို့ကို ကူညီမစမည့်သူအဖြစ် ခမည်းတော်၏စေလွှတ်ခြင်းခံရသူဖြစ်သည်။
မိမိ၏အပြုအမူ၊ စိတ်နေသဘောထားများကြောင့် စိတ်နှလုံး၌ ကျိန်းဝပ်သော သန့်ရှင်းသော ၀ိညာဉ်တော်စိတ်နာကျင်ရလျှင် ရလဒ်က အလွန်တရာတင်းမာသည့် အခြေအနေဖြစ်သွားနိုင် သည်။ ၀ိညာဉ်တော်ကတစ်ဖက်သို့ ဆွဲဆောင်နေစဉ် ဇာတိတပ်မက်ခြင်းများက ဆန့်ကျင်ဖက် လားရာသို့ ဆွဲငင်သည်။ ဤအကြောင်းအရာကို ရှင်ပေါလုက…
အတားအဆီးဖယ်ရှား
ယေရှုက“ငါသည် လမ်းခရီး၊ သမ္မာတရား၊ အသက်ဖြစ်၏။” ဟု (ယော ၁၄း၆) တပည့်တော် များကို သေချာရှင်းလင်းစွာမိန့်ကြားခဲ့သည်။ သူသည်အဖခမည်းတော်ထံသို့ သွားနိုင်သော တစ်ခု တည်းသောလမ်းဖြစ်သည်။ ကိုယ်တော်ကိုယုံကြည်၊ ဆက်ကပ်အပ်နှံကာ ကျွန်ုပ်တို့ကချစ်စိတ်၊ နာခံစိတ်ဖြင့်တုံ့ပြန်လျှင် ကောင်းကင်ဘုံရှိ ထာဝရအိမ်တော်သို့ ပို့ဆောင်လိမ့်မည်။ ဘဲလာရပ်စ် မြို့တော်၊ မင့်စ်ခ် ဒေသမှ ကျမ်းစာကျောင်းသူလေး ခရစ်စတီးနားက သူ၏သက်သေခံချက်ကို အောက်ပါအတိုင်းရေးသားခဲ့သည်။ “ အပြစ်အကြီးဆုံးသူများအပါအ၀င် လူတိုင်းအတွက် ယေရှု အသေခံခဲ့သည်။ ရာဇ၀တ်မှုကျူးလွန်သည့် အပြစ်ကြီးဆုံးသူသည် သခင်ယေရှုထံ ယုံကြည်ခြင်း ဖြင့်လာလျှင် သခင်လက်ခံလိမ့်မည်။ သခင်ယေရှုသည် ကျွန်မ၏တံခါး၌ ကြာမြင့်စွာ ခေါက်လျက် နေသည်။ ပြောရရင် ကျွန်မရဲ့နှလုံးသားတံခါးက ပွင့်ပြီးသားပဲ၊ ကျွန်မက ယုံကြည်သူလေ၊ ဒါပေမယ့် ကျွန်မကစိတ်မချ၊ ယေရှုထံအသက်တာကို မအပ်နှံခဲ့ဘူး။ ယေရှု မ၀င်နိုင်အောင် သံကြိုး နဲ့တားဆီးထားတယ်။”
ခရစ်စတီးနားအနေဖြင့် သူ၏မမှန်မကန်မှုကိုသိပြီး၊ ပြောင်းလဲရန်…